ဟဇရသ် ဖွာတွေမဟ် ဇဟ်ရာ (စ.အ) ၏ မွေးနေ့မင်္ဂလာ အခါသမယ တွင် အီရန် နိုင်ငံ နှင့် အခြားနိုင်ငံများတွင် အမေများနေ့နှင့် အမျိုးသမီးများနေ့ကို ကျင်းပကြပါတယ်။

၂၂ ဒီဇင်ဘာ ၂၀၂၄ - ၂၃:၂၃
ဟဇရသ် ဖွာတွေမဟ် ဇဟ်ရာ (စ.အ) ၏ မွေးနေ့မင်္ဂလာနေ့ ၊ အမျိုးသမီးများနေ့ နှင့် အမေများနေ့  မိုဘာရတ်က်

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ အစီရင်ခံချက်အရ၊ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံတစ်နိုင်လုံး တွင်  စကြဝဠာအပေါင်း ၏ ဘီဘီ ၊ အေမာမ် အလီ မိုရ်သဇာ (အ.စ) ၏ ဇနီးမွန်၊ ဇနီးမြတ် ၊ လောကီလောကုတ္တရာ ၏ ဘုရင် သမီးတော်   မြတ် ဟဇရသ် ဖွာတွေမဟ် ဇဟ်ရာ (စ.အ) ၏ မွေးနေ့ ရက်မြတ် မင်္ဂလာနေ့ ကို ဂုဏ်ပြုရန် မနေ့ညကတည်းက အလှဆင်ထားကြပြီး ဂျရှ်န် များ ပြုလုပ်ခဲ့ကြ ပါတယ်။

သခင်မကြီး (စ.အ) ၏ ကြီးကျယ်မြင့်မြတ် မှု ကို ဖော်ကျူး သည့် အခမ်းအနားများ ဆက်တိုက် ကျင်းပလျက် ရှိပါတယ်။

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံရှိ မြို့ကြီးငယ်များ အထူးသဖြင့်  အေမာမ် ရေဇာ (အ.စ) ၏ ရောင်ဇာတော် မြတ် ရှိသည့် မရှ်ဟဒ် မြို့ ၊ ဟဇရသ် မအ်စူမဟ် (စ.အ) ၏ ရောင်ဇာတော် မြတ်  ရှိသည့် ကွမ်း မြို့ နှင့် အခြားမြို့များ၏ လမ်းမများ နှင့်  ရိုသေလေးစားရမည့် ဘာသာရေးနေရာများကို အလွန်လှပစွာ အလှ ဆင်ထား ကြပါတယ်။

ပြီးနောက် သန့်ရှင်းစင်ကြယ်ပြီးကြီးကျယ် မြင့်မြတ် သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကိုချစ်ခင်ကြသူ အလွှာ အသီးသီး မှ ကြီးစွာသော ကြည်ညိုလေးစားမှုဖြင့် သခင်မကြီး ဖွာတွေမဟ် ဇဟ်ရာ (စ.အ) ၏ မွေးနေ့ရက်မြတ် မင်္ဂလာ နေ့ အောက်မေ့  ဂုဏ်ပြု၊ ဂုဏ်ယု ကြပြီး ပျော်ရွှင် ကာ ဂျရှ်န် များ ပြုလုပ်ကြပါတယ်။ စားဖွယ် သောက်ဖွယ်များ ပေးကမ်း လှူဒါန်း ကြပါတယ်။

.......................................................

END / 251