လက်ဘနွန် တွင် ရှိ နေသည့် အီရန်သံအမတ် သည် ဒမတ်စကတ် မြို့ ရှိ အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် သက္က်ဖီးရီ အကြမ်းဖက်သမားများကြား စေ့စပ်ညှိနှိုင်းမှုနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားမှုများ ပြုလုပ်ခဲ့ ပါတယ်။

၂၁ ဒီဇင်ဘာ ၂၀၂၄ - ၁၇:၃၇
သံတမန် ဆက်ဆံရေးအတွက် အမေရိကန်က အလ်ဂျောင်လာနီ ရှေ့မှာ ဘယ်လိုစည်းကမ်းချက်  သတ်မှတ်ခဲ့လဲ ဆိုတာ  အီရန် သံအမတ်က ပြောကြား

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ အစီရင်ခံစာအရ အမေရိကန် သံတမန်အဖွဲ့သည် ဒမတ်စကတ်သို့ ပြီးခဲ့သည့်ရက်က သွားရောက်ခဲ့ပြီး ဆီးရီးယားကို သိမ်းပိုက်ထားသည့် Hayat Tahrir al-Sham (HTS) ဟိုင်အသ် သဲဟ်ရီးရွန်ရှ်ရှမ်း သက္က်ဖီးရီ  အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့၏အဆိုအရ Hayat Tahrir al-Sham (HTS) ဟိုင်အသ် သဲဟ်ရီးရွန်ရှ်ရှမ်း သက္က်ဖီးရီ   နှင့် ဆွေးနွေးမှုသည် အပြုသဘောဆောင်ပြီး အသုံးဝင်ကြောင်း သက်သေပြခဲ့သော်လည်း လုံခြုံရေးစိုးရိမ်မှုများ ကြောင့် ကိုယ်စားလှယ်အဖွဲ့မှ သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းခဲ့ပါတယ်။

လက်ဘနွန် တွင် ရှိ နေသည့်  အီရန်သံအမတ်ကြီး မွတ်ဂျ်သဗာ အမာနီ က Hayat Tahrir al-Sham (HTS) ဟိုင်အသ် သဲဟ်ရီးရွန်ရှ်ရှမ်း သက္က်ဖီးရီ အဖွဲ့  နှင့် အမေရိကန် သံတမန်အဖွဲ့ တို့၏ ညှိနှိုင်းမှုအတွင်း သံတမန်  ဆက်ဆံရေးကို ထိန်းသိမ်းထားရန် အမေရိကန်က စည်းကမ်းချက် ထုတ်ခဲ့ကြောင်း ကို ပြောကြားခဲ့ပါ တယ်။

 အီရန်သံအမတ်ကြီး မွတ်ဂျ်သဗာ အမာနီ က အမေရိကန် သံတမန်အဖွဲ့ အနေဖြင့် Hayat Tahrir al-Sham (HTS) ဟိုင်အသ် သဲဟ်ရီးရွန်ရှ်ရှမ်း သက္က်ဖီးရီ  အဖွဲ့  အား အီရန် နှင့် သံတမန် အဆက်အသွယ်မလုပ်မှ သာလျင် ဆို သည့် စည်းကမ်းချက် ကို ထုတ်ပြီး ထိုစည်းကမ်းချက်ကို လိုက်နာ မှာသာလျင် မိမိတို့ အနေဖြင့် သံတမန် ဆက်သွယ် မှု ပြုမည် ဖြစ်ကြောင်း  ပြောကြားခဲ့ပါတယ်။

နယ်ချဲ့ အကြမ်းဖက် အမေရိကန်သည် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း  အီဂျစ် နိုင်ငံ ရှိ အစ်ခ်ဝနိုလ်မွတ်စလေမီးန် (မွတ်စလင်ညီအကိုတော်များအဖွဲ့) အားလည်းဤကဲ့သို့ ကြိမ်ဖန်များစွာ ပြောကြားခဲ့ပြီး သမ္မတဟောင်း  မူစီ ၏ ရှေ့မှောက်တွင် အလားတူ စည်းကမ်းချက် ထားရှိခဲ့ကြောင်း  မူစီ တစ်ယောက်ထဲ ကျန်ရစ်သောအခါတွင် အမေရိကန်က သစ္စာဖောက် ခဲ့ကြောင်း အီဂျစ်တွင် အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့ကြောင်း အီရန်သံအမတ်ကြီး မွတ်ဂျ်သဗာ အမာနီ က  ထပ်လောင်း ပြောကြားခဲ့ပါတယ်။

.......................................................

END / 251