အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ပါလီမန် ဥက္ကဋ္ဌ ဒေါက်တာ မုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် သည် အိုမန် နိုင်ငံ ၏ တရားစီရင်ရေးဌာန အကြီးအကဲ ခလီဖဟ် ဘင်န် စအီးဒ် ဘင်န် ခလီဖဟ် အလ်ဘူ စအီးဒီ နှင့် တွေ့ဆုံစဉ် ဂါဇာရှိ ဇီယွန် ဝါဒီအစိုးရ၏ ရာဇ၀တ်မှုများသည် အစ္စလာမ် ကမ္ဘာနှင့် လူ့အခွင့်အရေးနယ်ပယ်အတွက် အကြီးမားဆုံး နှင့် အထိခိုက်လွယ်ဆုံးကိစ္စဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ဇီယွန်ဝါဒီအစိုးရသည် လွန်ခဲ့သည့်တစ်နှစ်အတွင်း ဂါဇာနှင့် လက်ဘနွန်တို့တွင် ကြီးမားသော ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့ပြီး ယခု ဆီးရီးယားတွင် လက်ရှိအခြေအနေတွင် ဇီယွန်ဝါဒီများ၏ လူမဆန် မှုများကို ပိတ်သင့်သည်ဟု ဒေါက်တာ မုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် က ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အကြမ်းဖက်အဖွဲ့များသည် ဒေသတွင်း နိုင်ငံများတွင် မငြိမ်သက်မှုများ ပျံ့နှံ့စေရန် ကြိုးပမ်းနေပြီး ဇီယွန်ဝါဒီအစိုးရကို ဆန့်ကျင်သည့် အပြန်အလှန် စည်းလုံးညီညွတ်မှုနှင့် ညီရင်းအစ်ကိုရင်းမြစ်ကို ထိန်းသိမ်းရန် ကမ္ဘာ့ အစ္စလာမ် ခေါင်းဆောင်များ၏ တာဝန်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆီးရီးယားပြည်သူများသည် ယခုအချိန်တွင် အခက်အခဲများစွာ ကြုံတွေ့နေရပြီး မွတ်စလင်နိုင်ငံများအနေဖြင့် ၎င်းတို့အား ယခင်ကထက် ပိုမိုကူညီရန် လိုအပ်နေသည်ဟု အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ပါလီမန် ဥက္ကဋ္ဌ ဒေါက်တာ မုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် က ပြောကြားခဲ့သည်။
ဤစကားဝိုင်းတွင် အိုမန်တရားရေးဌာန အကြီးအကဲက ဇီယွန်နစ်အစိုးရ၏ ရာဇ၀တ်မှုများကို ရင်ဆိုင်ရာတွင် မွတ်စလင်နိုင်ငံများ၏ တည်ကြည်မှု နှင့် ရဲစွမ်းသတ္တိရှိမှုကို အလေးပေးပြောကြားခဲ့ပြီး တရားစီရင်ရေးနှင့် ဥပဒေ ရေးရာများတွင် အီရန်၏ ထိပ်တန်းအရာရှိများနှင့် အပြုသဘောဆောင်သော ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။
အိုမန် တရားစီရင်ရေးဌာန အကြီးအကဲသည် မိမိ နှင့် ရာထူးတူ အီရန် တရားစီရင်ရေးဌာန အကြီးအကဲဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် မိုဟ်စင်န်နီ အဇဟ်အီ နှင့်လည်း တွေ့ဆုံပြီး အီရန် သည် အစ္စလာမ့်ပါသည်။ကမ္ဘာ နှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းလှမ်း နေသည်ဟု မှတ်ချက်ပြုသင့် ကြောင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251