အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ တစ်ဝှမ်းရှိ ကာရီများ ဟာဖစ်ဇ် များ ၏ (၄၇) ကြိမ် မြောက် ပြည်တွင်း ကျမ်းတော်မြတ်ကုရ်အာန် ဆိုင်ရာ ပြိုင်ပွဲ အား သဗ်ရေဇ် မြို့ တွင် ကျင်းပလျက်ရှိပါတယ်။

၄ ဒီဇင်ဘာ ၂၀၂၄ - ၀၈:၂၁
အီရန် နိုင်ငံ တစ်ဝှမ်းရှိ ကာရီများ ဟာဖစ်ဇ် များ ၏ ပြည်တွင်း ကျမ်းတော်မြတ်ကုရ်အာန် ဆိုင်ရာ ပြိုင်ပွဲ အား သဗ်ရေဇ် မြို့ တွင် ကျင်းပ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီးက်နာ သတင်းဌာန ကိုယ်စားလှယ်၏ အစီရင်ခံစာအရ အီရန်  အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ တစ်ဝှမ်းရှိ ကာရီများ ဟာဖစ်ဇ် များ ၏ (၄၇) ကြိမ် မြောက် ပြည်တွင်း ကျမ်းတော်မြတ်ကုရ်အာန် ဆိုင်ရာ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို  ဒီဇင်ဘာလ ၂ရက်နေ့ ၂၀၂၄ခုနှစ် တွင်  သဗ်ရေဇ် မြိ့ ရှိ မိုဆွလာ ၍ နိုင်ငံတကာ ဆိုင်ရာ ကာရီ တစ်ပါးဖြစ်သည် ကာရီ စအီးဒ်ဗရ်ဝေဇီး မှ ကျမ်းတော် မြတ် ကုရ်အာန် ၏ သေလာဝသ်ပြုခြင်း ဖြင့် စတင် ခဲ့ပါတယ်။

အခမ်းအနားအစတွင်  အရှေ့ အဇာဘိုင်ဂျန် ဝကာဖ် နှင့် နှင့် လူမှုဖူလုံရေးကိစ္စများ  ဆိုင်ရာ  ညွှန်ကြားရေးမှူးချုပ် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ရှဟာဗွတ်ဒ်ဒီးန် ဟိုစိုင်းန်နီ   မှ တရားဟောကြားပြီး ထိုတရားတော် အတွင်း သခင်မကြီး ဆယက်ဒ်ဒဟ် ဖွာတွေမဟ် ဇဟ်ရာ (စ.အ) အား ဂုဏ်ပြုစကားများ ဟောကြားပြီး အီရန် အစ္စလာမ်မစ် တော်လှန်ရေးကို  အီရတ် နိုင်ငံ နှင့်အပေါင်း အပါများ ၏ မတရား ကျူးလွန်မှူကို ရှစ်နှစ်ကြာ  ခုခံ တော်လှန် မှု ၏ အမှတ်ရမှုများ ကို ဟောကြားပြီး ဂုဏ်ပြုခဲ့ပါတယ်။

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ရှဟာဗွတ်ဒ်ဒီးန် ဟိုစိုင်းန်နီ   မှ ဆက်လက်ပြီး  သဗ်ရေဇ် သောကြာ နမာဇ် ရှေ့ဆောင် ဆရာ ဟောင်း ရှဟီးဒ် အာယာသွလ္လာဟ်  အာလေ့ ဟာရှင်မ် နှင့် အရှေ့ အဇာဘိုင်ဂျန် တိုင်းမှူးဟောင်း ရှဟီးဒ် မာလစ်က် ရဲဟ်မသ်သီ တို့ ၏ အဖိုးတန် အသက်များ ကို စတေးခဲ့မှူကို တင်ပြ ဂုဏ်ပြုဟောကြားခဲ့ပါတယ်။

(၄၇) ကြိမ်မြောက် ပြည်တွင်း  ကျမ်းတော်မြတ် ကုရ်အာန် ဆိုင်ရာ ပြိုင်ပွဲများ ၏ အတွင်းရေးမှူး က "အာဇာနည် တွေရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေကြောင့် ဆယ်စုနှစ် တစ်ခုကြာပြီး နောက်တစ်ကြိမ် ဒီပြိုင်ပွဲတွေကို လက်ခံကျင်းပဖို့ စွမ်းအား ရှိသည်အတွက် ဂုဏ်ယူကြောင်း  သဗ်ရေဇ် သည် ပညာရှင်များနှင့် ကမ္ဘာပေါ်ရှိ ရှီအဟ် ပညာရှင်ကြီးများ၏ နယ်မြေဖြစ်ကြောင်း " ပြောကြားခဲ့ပါတယ်။

အကျော်အမော် ကျမ်းတော် မြတ် ကုရ်အာန် ၏ သဖ်စီးရ် ပညာရှင်  အလာမဟ် အာယာသွလ္လာဟ် ဆယက်ဒ် သွဗာသွဗာအီ ၏ မွေးရပ်မြေဖြစ်သည့် မြို့တစ်မြို့တွင် ယခုအဖြစ်အပျက်ကို ကျွန်ုပ်တို့ မြင်တွေ့ရခြင်းသည် အလွန်ပင် ကြည်နူးစရာပင်  ဖြစ်ကြောင်း အထူးသဖြင့် ဝကာဖ် နှင့် လူမှုဖူလုံရေးဌာနအကြီးအကဲနှင့် ဤအဖွဲ့အစည်း၏ ကုရ်အာန်ရေးရာ အကြီးအကဲအားလုံးကို ကျေးဇူးတင်ရှိကြောင်း အခုလို အဓိပ္ပါယ်ရှိတဲ့ အခိုက်အတန့်တွေကြောင့် ဤလို ပြိုင်ပွဲတွေမှာ တရားမျှတပြီး ရိုးသားတဲ့ ပြိုင်ပွဲတွေကို မြင်တွေ့ရလိမ့်မယ်လို့ မျှော်လင့် ကြောင်း ပြောကြားခဲ့ပါတယ်။

သဗ်ဇေရ် သောကြာနမာဇ် ရှေ့ဆောင် ဆရာ မှ ကျမ်းတော်မြတ် ကုရ်အာန် ၏ ကာရီများ အတွက် ဧည့်ခံ ရခြင်း ကို လွန်စွာ ဂုဏ်ယူ ဝမ်းမြောက် ကြောင်း မိန့်ကြားရင်း တမန်တော်မြတ်(ဆွ) မိန့်ကြားတော်မူသည့်အတိုင်း ကလေးများအား အရာသုံးခု  ဖြစ်သည့် မိမိနဘီအား ချစ်မြတ် နိုးရန် ၊ နဘီ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို ချစ်မြတ် နိုးရန် ကျမ်းတော်မြတ် ကုရ်အာန် ၏ သေလာဝသ် ပြုရန်  လေ့ကျင့်သွန်သင် ပေးရန် ပြုရမည် ဖြစ်ကြောင်း  မိန့်ကြားခဲ့ပါတယ်။

.......................................................

END / 251