အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
... یَا فَاطِمَةُ! لَوْ أَنَّ کُلَّ نَبِیٍّ بَعَثَهُ اللَّهُ وَ کُلَّ مَلَکٍ قَرَّبَهُ- شَفَعُوا فِی کُلِّ مُبْغِضٍ لَکِ غَاصِبٍ لَکِ مَا أَخْرَجَهُ اللَّهُ مِنْ النَّارِ أَبَداً۔
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« အိုဖွာတွေမဟ် (စ.အ) !အကယ်၍ အလ္လာဟ်ဟိုအရှင်မြတ် ရွေးချယ်တင်မြှောက်ထားသည့်ရှိသမျှ တမန်မြတ် များ (အ.စ) အားလုံး ၊ပြီးနောက် ထိုအရှင်မြတ် ထံတွင် ခံစားရန်တာဝန်ပေးခြင်းခံထားရသည့် ကောင်းကင် တမန်များ အားလုံး သင်ကိုရန်ပြုသူတိုင်းး သင်၏ ရပိုင်ခွင့်ကို မတရားသိမ်းယူ၊လုယူသွားသူ တိုင်း အတွက် ရှဖာအသ် (အသနားခံပေးမည်) ဆိုလျင်လည်း အလ္လာဟ်ဟို အရှင်မြတ်သည် ၎င်း (သင်၏ရန်သူ) အား ဂျဟန္နမ်၏ မီး (ခ)ငရဲဘုံ၏ မီး မှ လုံးဝ ထုတ်ပေးတော်မူမည်မဟုတ်ချေ။»
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၆ ၊ စာမျက်နှာ ၃၅၄
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် သခင်မကြီး ဖွာတွေမဟ်ဇဟ်ရာ (စ.အ) ၏ ရန်သူ ၏ ပြစ်ဒဏ် သည် မည်မျှ ကြီးမားကြောင်း ထင်ရှားစွာ သိရှိရမည် ဖြစ်ပါတယ်။ ပြီးနောက် စစ်မှန် သည့် ရီဝါယသ်တော်များ သမိုင်း အထောက်အထားများ သခင်မကြီး (စ.အ) ကို မည်ကဲ့သို့ ရန်ပြု ၊ ရက်စက်ခဲ့ ကြကြောင်း မျက်မှန်စိမ်း ဖယ်ပြီး လေ့လာ သူများတိုင်း သိရှိရမှာ ဖြစ်ပါတယ်။ တစ်ချို့ က မိမိ ငယ်ကတည်း သခင်မကြီး (စ.အ) အပေါ် ရက်စက်ခဲ့သူများ ၏ ကောင်းသည့် အကြောင်းတွေတည်းသာ နားထောင်ပြီး သခင်မကြီး (စ.အ) အပေါ် ရက်စက်ခဲ့ကြောင်း ကြားရလျင် ဖတ်ရလျင် ရှီအဟ်တွေက လုပ်ကြံထား သည်ဟု ထင်ခဲ့ကြပါတယ်။ ထင်နေကြပါတယ်။ သို့သော် တကယ် လေ့လာသူ ၊သုတေသီ ပြုသူများ အထူး သဖြင့် အရဘီ စာပေတတ်ကျွမ်းတတ်ကျွမ်းသူများ သည် အမှန်တရားကို သိရှိရမည် ဖြစ်ပါတယ်။ မိမိတို့ လက်ခံသည့် မဇ်ဟဗ် ၏ အကျော် အမော် အာလင်မ်ဟောင်း ကြီးများ မှ ရေးထားကြောင်း လက်ရှိ အာလင်မ်များ မှ ဖုံးဖိဖုံးကွယ် နေကြောင်းကို သိရမည် ဖြစ်ပါတယ်။ သခင်မကြီး (စ.အ) ၏ရန်သူတိုင်းအပေါ် ၊ သခင်မကြီး(စ.အ) ၏ ရန်သူတိုင်း ဖက်မှ ကာကွယ်ပေးသူတိုင်း အပေါ် မြတ် အလ္လာဟ် ၏ လအ်နသ် ကြိမ်ဖန်များစွာ ကျရောက်ပါစေ။ သခင်မကြီး (စ.အ) အတွက် အဇါဒါရီ ပြုသူတိုင်း ၊ကာကွယ်ပေးသူတိုင်း အချစ်ထားသူတိုင်း အပေါ် မြတ်အလ္လာဟ် ၏ နေအ်မသ်တော်များ ရဟ်မသ်တော်များ ကြိမ်ဖန် များစွာ ကျရောက်ပါစေ။
****************************************************************
END / 251