အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الهادی علیه السلام:
اذْكُرْ مَصـْرَعَكَ بَيْنَ يـَدَىْ اَهْلِكَ وَ لا طَبيبٌ يَمْنَعُكَ وَ لا حَبيبٌ يَنْفَعُكَ.
အေမာမ် ဟာဒီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« မိမိ သေဆုံးရမည့် အကြောင်း ကို မိမိ၏ အိမ်သူအိမ်သားများ ကြားတွင် သတိရပါလေ။ (အကြာင်းမှာ ) သင်အား (သေခြင်း မှ ) ဆရာဝန် (သို့) သမားတော် သည်လည်း တားဆီး ပေးနိုင်မည် မဟုတ်သလို သင်၏ မိတ်ဆွေ သူငယ်ချင်းသည်လည်း အလုပ်ဖြစ်မည် မဟုတ်ချေ။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၈ ၊ စာမျက်နှာ ၃၇၀
ရှင်းလင်းချက် အကျဥ်း - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး သုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် သေခြင်းတရားအတွက် အပြည့်အဝ ပြင်ဆင်ထားရပေမည်။ ပြီးနောက် သေခြင်းတရားသည် မိမိ ၊ ဆရာဝန် ၊ သူငယ်ချင်းမိတ်ဆွေ စသည် ဖြင့်တို့၏ လက်တွင် မရှိဘဲ အလ္လာဟ်ဟို အရှင်မြတ် တစ်ပါးတည်း၏ လက်တွင် ရှိတော် မူကြောင်း နှလုံးသွင်း နိုင်ပါတယ်။ လူတိုင်းဟာ အနှေး နှင့် အမြန် သေကြရမည် ဖြစ်သည့် အတွက် အီမာန် နှင့် တစ်ကွ ကိုယ်တော် မြတ် မိုဟမ္မဒ်(ဆွ) နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အချစ် နှင့် တစ်ကွ သေနိုင်ရန် ၊ စစ်မှန်သည့် သောင်ဗဟ်နှင့် တစ်ကွ သေနိုင်ရန် ၊ မည်သည့် အကြွေးမှ မကျန်ဘဲ သေနိုင်ရန် ၊ ရှရီအီ တာဝန်များ ကို ကျေပွန်စွာ ထမ်းဆောင် ပြီး သေနိုင်ရန် သာ အထူး ကြိုးစား ရမည် ဖြစ်ပါတယ်။
****************************************************************
END / 251