အကီးက် ကျောက် အကြောင်း နှင့်ပတ်သက်၍ လေ့လာ တွေ့ရှိချက် အနည်းငယ် ကို တင်ပြလိုက်ပါတယ်။

၁၉ နိုဝင်ဘာ ၂၀၂၄ - ၀၇:၀၆
အကီးက် ကျောက်အကြောင်း သိကောင်းစရာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကီးက် ကျောက် အကြောင်း နှင့်ပတ်သက်၍ လေ့လာ တွေ့ရှိချက် အနည်းငယ်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်တော် မူသည်။

«  အကီးက် လက်စွပ် ဝတ်ထားသည် လက်တွင်  ဒီနာ နှင့် ဒရ်ဟမ် မရှိခြင်း မှာအံ့သြ စရာအလွန် ကောင်းသည့် အချက်ဖြစ်၏။   »

ရည်ညွှန်း - وسائل الشیعه/ج 5/ص90

 ဟဒီးစ်တော် ၏ ဆိုလိုချက်မှာ အကီးက် ကျောက် အစစ် နှင့် ပြုလုပ်ထားသည့် လက်စွပ် ကို ဝတ် သူသည် ငွေကြေး အဆင်ပြေမည် ဖြစ်ပါတယ်။ သတိထားရမည့်အချက်များ မှာ တစ်ချက်မှာ ကျောက်အစစ် ဖြစ်ရန် နှင့် ဟလာလ် ငွေနှင့် ဝယ်ထားသည့် လက်စွပ် ဖြစ်ရန် လည်း အထူးအရေးကြီးလိုအပ်ပါတယ်။


အေမာမ် ရေဇာ (အ.စ) မိန့်တော် မူသည်။

«  အကီးက် ကျောက် သည် ဆင်းရဲမွဲတေမှု  နှင့် နေဖါက် (အရေခြုံမှု ) ကို ဖယ်ရှား ပေးပါသည်။  »

ရည်ညွှန်း - وسایل الشیعه/ج5/ص85

 

အေမာမ် အလီ (အ.စ) မိန့်တော် မူသည်။

«  အကီးက် လက်စွပ် ဝတ်၍ ဝတ်ပြုသည်  ၂ရကတ် နမာဇ်သည်  အကီးက် လက်စွပ် မဝတ်ဘဲ ဝတ်ပြုသည့် ရကတ် ၁၀၀၀ နှင့် အတူတူ ဖြစ်ပါသည်။  »

ရည်ညွှန်း - بحارالانوار/ج80/ص187

ဤအတွက်ကြောင့် ကျနော်တို့ အနေဖြင့် မအ်စူမ် အေမာမ် များ (အ.စ) ၏ မိန့်ကြားထားတော် မူသည့် အတိုင်း အကီးက် ကျောက် ၏ အကျိုးအမြတ် ကို ရယူနိုင်ရန် အကီးက် ကျောက်ပါသည့် လက်စွပ် ကို အသုံးပြုနိုင်ရန် ကြိုးစားသင့်ပါတယ်။ မိုအ်မင်၊ မိုအ်မေနသ် ယောက်တိုင်း အကီးက်  လက်စွပ်အစစ် ဝတ်နိုင်ကြ ပါစေ။  အမျိုးသားများ အနေဖြင့် အကီးက် ကျောက် နှင့်ပြုလုပ်ထားသည် ငွေလက်စွပ်ကို အသုံးပြုရမည် ဖြစ်ပါတယ်။ ရွှေလက်စွပ် အသုံးမပြုရန် အထူးသတိထားရမည် ဖြစ်ပါတယ်။ အကြောင်းမှာ ရွှေထည် ပစ္စည်း သည် အမျိုးသားများ အတွက်  ရှီအဟ် မွတ်စလင်မ် ဖေက်ဟ် အရ ဟရာမ် ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။

.......................................................

END / 251