အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Iqna News၏ အဆိုအရ ရှိက်ခ်အဘူဂျရဟ် စိုလ်သွာန်နီ သည် သဖ်စီးရ် ကုရ်အာန် ၂၅ တွဲ အား အချိန်အတော်ကြာအောင် အထီးကျန်ခြင်းမှ လွတ်မြောက်ပြီးနောက် ရေးသားခဲ့ခြင်း ဖြစ်ကြောင်း Al-Sharooq အွန်လိုင်းမှ သိရှိရပါတယ်။
ရှိက်ခ်အဘူဂျရဟ် စိုလ်သွာန်နီ ၏ လူမှုကွန်ရက်စာမျက်နှာတွင် အဆိုပါမှတ်ချက်ကို တနင်္ဂနွေနံနက်တွင် အပြီး သတ်ပြီး (ဝိညာဉ် တွင် ဂျာမေအဟ် နှင့် သမိုင်း)" ဆိုသည့် ခေါင်းစဉ်ဖြင့် ထုတ်ဝေရန် အဆင်သင့်ဖြစ်နေပြီဟု ဖော်ပြခဲ့ပါတယ်။
ဤသဖ်စီးရ် ကုရ်အာန် အား အယ်လ်ဂျီးရီးယား အမျိုးသားစာကြည့်တိုက်များ ၏ အရေးပါသော ပညာရပ်ဆိုင်ရာ ပိုင်ဆိုင်မှုတစ်ခုဟု ယူဆကြပြီး Dar al-Shamiya Publications မှ ထုတ်ဝေမည်ဖြစ်ပါတယ်။
စာမျက်နှာ ၁၇၅၀၀ ခန့်ရှိ သည် ဤ သဖ်စီးရ် ကုရ်အာန် ၂၅ အတွဲ သည် မကြာမီ ထုတ်ဝေတော့မည်ဖြစ်ပါတယ်။ ရှိက်ခ်အဘူဂျရဟ် စိုလ်သွာန်နီ သည် သဖ်စီးရ် ကုရ်အာန် အား ၁၂ နှစ်ဆက်တိုက် ရေးသား တည်းဖြတ်ကာ ပြန်လည်သုံးသပ်ခဲ့ကြောင်း သိရပါတယ်။
ရှိက်ခ်အဘူဂျရဟ် စိုလ်သွာန်နီ သည် အသက် ၇၀ နှစ်ရှိပြီဖြစ်ပြီး အယ်လ်ဂျီးရီးယား၏ "ငြိမ်းချမ်းရေးနှင့် လူမှုဖွံ့ ဖြိုးတိုးတက်ရေးလှုပ်ရှားမှု" ၏ ဥက္ကဋ္ဌ ဟောင်းလည်းဖြစ်ပါတယ်။
ဤ သဖ်စီးရ် ကုရ်အာန် မပြီးဆုံးမီ သေခြင်းတရားကို ကြောက်ကြောင်းလည်း တစ်ခါတွင် ထုတ်ဖော်ပြောဆိုခဲ့ ပါတယ်။ ရှိက်ခ်အဘူဂျရဟ် စိုလ်သွာန်နီ သည် အယ်လ်ဂျီးရီးယား အစိုးရ နှစ်ခုတွင် ဝန်ကြီးရာထူး နှစ်ခုကိုလည်း ထမ်းဆောင်ခဲ့ပြီး နိုင်ငံတကာ ညီညွတ်ရေး အဖွဲ့၏ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ပါတယ်။
အယ်လ်ဂျီးရီးယား တွေးခေါ်ရှင် ရှိက်ခ်အဘူဂျရဟ် စိုလ်သွာန်နီ သည် ဤ သဖ်စီးရ် ကုရ်အာန် အား မိမိ၏ မိဘ နှစ်ပါး နှင့် Al-Sharooq အွန်လိုင်း ၏ ဒါရိုက်တာ မိမိ၏ သူငယ်ချင်း မရ်ဟွန်မ် အလီ ဖဇီးလ် ရူးဟ် အတွက် ရည်းစူး ကြောင်း Al-Sharooq အွန်လိုင်း တွင် ၂၀၂၂ ခုနှစ် က ကြေညာခဲ့ပြီး ဖြစ်ပါတယ်၊
.......................................................
END / 251