မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် လင်မယား ရန်ဖြစ်သည့် အခါ ရှိုင်တွာန် ပီတိဖြစ်ကြောင်း ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

၁၃ နိုဝင်ဘာ ၂၀၂၄ - ၁၇:၁၈
လင်မယား ရန်ဖြစ်သည့် အခါ ရှိုင်တွာန် ပီတိဖြစ်ကြောင်း

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

اذا اخَتَصَمَتْ هِیَ وَ زَوجُها فی‌البَیتِ فَلَهُ فی کُلِّ زاویَهٍ مِن زوایَا البَیتِ شَیطانٌ یُصفِّقُ و یَقولُ: فَرَّحَ اللهُ مَن فَرَّحَنی۔

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

« အိမ်တစ်အိမ်၌ လင်နှင့်မယား ရန်ဖြစ်သောအခါ၌ ထိုအိမ်၏ ထောင့်တိုင်းမှ  ရှိုင်တွာန် တစ်ကောင် သည် လက်ခုပ်တီး၍ ပျော်ရွှင်မှုကို ဖော်ပြပါသည်။ ငါ့ကို ပျော်ရွှင်စေတဲ့သူကို အလ္လာဟ်ဟို အရှင်မြတ် ကောင်းချီး ပေးပါစေ။ ဟု ပြောလေ၏။  »

ကျမ်းကိုး ။ ။ ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း ၊ အတွဲ ၁  ၊ စာမျက်နှာ ၂၇၈

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့် အိမ်တစ်အိမ်၌ လင်နှင့်မယား ရန်ဖြစ်သောအခါ ရှိုင်တွာန် အား ပီတိပေးစေကြောင်း သိရပါတယ်။ ပြီးနောက်  ရှိုင်တွာန်  အနေဖြင့် ဤနေရာ တွင် ငါ့ကို ပျော်ရွှင်စေတဲ့သူကို အလ္လာဟ်ဟို အရှင်မြတ် ကောင်းချီး ပေးပါစေ။ ဟု ပြောခြင်းသည် ဒိုအာ မဟုတ်ချေ။ ဗဒ်ဒိုအာ ဖြစ်ပါတယ်။ တစ်နည်းအား ဖြင့် လင်နှင့် မယား ကို ခဏခဏ ရန် ဖြစ်စေလိုခြင်း ဖြစ်ပါတယ်။ မိုအ်မင်လင် နှင့် မိုအ်မေနာ မယား တို့ အနေဖြင့် ရှိုင်တွာန် အား လက်ခုပ်တီးခွင့်မရအောင် ။ ပီတိ ဖြစ်ခွင့် မရအောင် အထူး ကြိုးပမ်းရမည် ဖြစ်ပါတယ်။  

****************************************************************

END / 251