အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Iqna News ၏အဆိုအရ ရုရှားနိုင်ငံ ၏ မြို့တော် မော်စကိုတွင် (၂၂ ) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကုရ်အာန် ပြိုင်ပွဲကို နိုဝင်ဘာ ၆ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့ပြီး အစ္စလာမ်ကမ္ဘာတွင် အကြီးဆုံး ယဉ်ကျေးမှုနှင့် ဘာသာရေးပွဲများထဲမှ တစ်ခုဟု သတ်မှတ်ခဲ့ပါတယ်။
ရုရှားဖက်ဒရေးရှင်း၏ မွတ်ဆစလင်များ၏ မောင်လာနာ ရေးရာစီမံခန့်ခွဲမှုဖြင့် ကာတာနိုင်ငံရှိ Awqaf နှင့် အစ္စလာမ့်ရေးရာဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပသော ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၃၀ ကျော်မှ ပါဝင်သူများသည် ကျမ်းမြတ်ကုရ်အာန်ကို အလွတ်ကျက်မှတ်ရာတွင် (အာဂုံဆောင်ရာတွင်) မိမိ တို့၏ ကျွမ်းကျင် မှုနှင့် ဗဟုသုတများကို သရုပ်ပြသခဲ့ကြပါတယ်။
ယခုနှစ်ပြိုင်ပွဲတွင် ဆိုဟိုင်းဗ် မိုဟမ္မဒ် အဗ်ဒိုလ်ကရီးမ် ဂျစ်ဗ်ရအီးလ်( လစ်ဗျား) ၊ အဗ်ဒိုလ်အဇီးဇ် အဗ်ဒွလ္လာဟ် အလ်ဟမရီ (ကာတာ) နှင့် အဇီးဇ် ယဟ်ယာ စအီးဒ် စိုလ်သွာန် (ယီမင်) တို့က ပထမ ၊ ဒုတိယ ၊ တတိယဆု အသီးသီး ရရှိခဲ့ကြပါတယ်။
ဆန့်ကျင်ဘက်အနေဖြင့် အီရန်အစ္စလာမ်မစ် ပြည်သူ့သမ္မတ နိုင်ငံ ကိုယ်စားပြု ဟာဇ်ေဇေကုရ်အာန် မိုစမ္မဒ် ရစူလ် သက်ဘီးရီ သည် ဤ ပြိုင်ပွဲတွင် ဆုမှ လွဲချော်ခဲ့ရပါတယ်။
ဤ (၂၂ ) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကုရ်အာန် ပြိုင်ပွဲ ၏ ပိတ်ပွဲအခမ်းအနားကို မော်စကိုမြို့ရှိ Hotel Cosmos ၏ ခန်းမ၌ ပြီးခဲ့သည့်သောကြာနေ့တွင် ကျင်းပခဲ့ပါတယ်။
မော်စကိုမြို့မှ မုဖ်သီ ရောင်ရှန်း အဘာစ်အွဖ် မှ ပါဝင်သူများနှင့် အစ္စလာမ့်ကုရ်အာန် ရှင်များအားလုံးကို နာမ်ပိုင်း ဆိုင်ရာပြပွဲ " ကုရ်အာန် ၏ ရတနာ သိုက်များ " ကို ကြည့်ရှုရန် နွေးထွေးစွာ ဖိတ်ကြားခဲ့ပါတယ်။
အစဉ်အလာအရ ဤပွဲ၌ အွမ်ရဟ် လက်မှတ်များကို မဲနှိုက်ခြင်းဖြင့် တက်ရောက်သူများကြား ဝေငှခဲ့ပါတယ်။
နောက်ဆုံးတွင် မော်စကိုမြို့မှ မုဖ်သီ ရောင်ရှန်း အဘာစ်အွဖ် မှ မုဖ်သီ ရှိက်ခ် ရာဝီးလ် အိုင်းနွန်ဒ်ဒီးန် အား အပြည်ပြည်ဆိုင်ရာ ကုရ်အာန်ပြိုင်ပွဲကို စီစဉ်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ဤ နာမ်ပိုင်း ရေးရာပွဲကို ပံ့ပိုးပေးသည့်အတွက် ကာတာမိတ်ဖက်များဖြစ်သည့် အဲဟ်မဒ် နာဆေရ် အာလေ စာနီ နှင့် ရှိက်ခ် အလ်ဂျာဗေရ် တို့အား ကျေးဇူးတင် ကြောင်းပြောကြားခဲ့ပါတယ်။