မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် တရားဝင် အိမ်ထောင်ပြုခြင်းသည် ကလေမဟ်ဖတ်မည့် သားသမီးများထွန်းကားရန် အကြောင်းခံ ဖြစ် ကြောင်း ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

၁၀ နိုဝင်ဘာ ၂၀၂၄ - ၁၉:၂၃
တရားဝင် အိမ်ထောင်ပြုခြင်းသည် ကလေမဟ်ဖတ်မည့် သားသမီးများထွန်းကားရန် အကြောင်းခံ ဖြစ်ကြောင်း

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ် တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

ما يَمنَعُ المُؤمِنَ أن يَتَّخِذَ أهلاً ؟! لَعَلَّ اللّهَ أن يَرزُقَهُ نَسَمَةً تُثقِلُ الأَرضَ بِلا إلهَ إلّا اللّهُ۔

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

« မိုအ်မင် သက်ဝင်ယုံကြည်သူ တစ်ဦးအား မည်သည့် အရ မှ (တရားဝင်) အိမ်ထောင်ပြုဖို့ တားဆီးနေပါသလဲ? (တရားဝင် အိမ်ထောင်ပြုခြင်း ကြောင့်) အလ္လာဟ် ဟို အရှင်မြတ်သည် မြေပထဝီ ကို လာအေလဟအစ်လ္လာဟ် ဆိုသည့်ကလေမဟ်သောင်ဟီးဒ် နှင့် ပြည့်စေမည့် သားကောင်း((သို့မဟုတ်)သမီးကောင်း) ချီးမြှင့် နိုင်သည့် အတွက် ကြောင့် ဖြစ်ပါသည်။   »

ကျမ်းကိုး ။ ။ မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ကျမ်း ၊ အတွဲ ၃  ၊ စာမျက်နှာ ၃၈၂ ၊ ဟဒီးစ်တော် အမှတ် ၄၃၄၀

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့် မြေပထဝီ ကို လာအေလဟအစ်လ္လာဟ် ဆိုသည့်ကလေမဟ်သောင်ဟီးဒ် နှင့် ပြည့်စေမည့် သားကောင်း (သို့မဟုတ်)သမီးကောင်း များ မြတ်အလ္လာဟ် ချီးမြှင့်ပေးသနားတော် မူမည်ဆိုသည့်  မျှော်လင့် ချက်နှင့် အိမ်ထောင်ပြုသင့်ပါတယ်။ ဤကဲ့သို့ ဖြစ်ဖို့လည်း ဘာသာရေး လိုက်စားသည့် သတို့သား၊ သတို့ သမီး ဖြစ်မှ ရမည် ဖြစ်ပါတယ်။ ကျနော်တို့ အားလုံး ကို မြေပထဝီ ကို လာအေလဟအစ်လ္လာဟ် ဆိုသည့်ကလေမဟ်သောင်ဟီးဒ် နှင့် ပြည့်စေမည့် သားကောင်း (သို့မဟုတ်) သမီးကောင်း များ မြတ်အလ္လာဟ် ချီးမြှင့်ပေးသနားတော် မူပါစေ ။

****************************************************************

END / 251