မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် အပြစ်များကို ခွင့်လွတ်စေသည့် နည်းလမ်း တစ်ခု ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

၉ နိုဝင်ဘာ ၂၀၂၄ - ၀၆:၄၃
အပြစ်များကို ခွင့်လွတ်စေသည့် နည်းလမ်း တစ်ခု

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

مَن سَعى لِمَريضٍ في حاجَةٍ قَضاها أولَم يَقضِها خَرَجَ مِن ذُنوبِهِ كَيَومٍ وَلَدَتْهُ اُمُّهُ۔

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

« အကြင်မည်သူ မဆို ဖျားနာသူ (နာမကျန်းသူ) ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဖို့ ကြိုးစားခဲ့သူဖြစ်မည် ယုတ်စွ ဤလိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ဖြစ်လျင်လည်း ၎င်း၏ အပြစ်များသည် မိမိ၏ မိခင် ဝမ်းမှ မွေးဖွားလာသည့်နေ့ပမာ လွတ်မြောက်သွားမည်။ (ခွင့်လွတ်ခြင်း ခံရမည် ) ဖြစ်ပါသည်။  »

ကျမ်းကိုး ။ ။ မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ကျမ်း၊ အတွဲ ၄  ၊ စာမျက်နှာ ၁၆

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့် ဖျားနာနေသူများ မကျန်းမာသူများ ၏ လိုအပ်ချက် များကို ဖြည့်ဆည်း ပေးနိုင်ရန် မိမိ အစွမ်း ရှိသ၍ ကြိုးစားရမည် ဖြစ်ပါတယ်။ အလ္လာဟ်ဟို အရှင်မြတ် ထံလည်း   ကျနော်တို့ အား ၎င်း နာမကျန်းသူများ ဖျားနေသူများ ၏ လိုအပ်ချက် များ ကို ဖြည့်ဆည်း ပေးနိုင်ရန် စွမ်းအားပေးသနားတော် မူပါရန်  အသနားခံ တောင်းခံအပ်ပါတယ်။

****************************************************************

END / 251