အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီးက်နာ သတင်းဌာန နှင့် Alcomps ဝက်ဘ်ဆိုက် အဆိုအရ လူမျိုးရေးမုန်းတီးမှုဖြင့် ဆွီဒင်-ဒိန်းမတ် အစွန်းရောက် နိုင်ငံရေးသမား Rasmus Paludan ကို ဆွီဒင်နိုင်ငံ မာလ်မို မြို့ရှိ တရားရုံးတစ်ခုက ထောင်ဒဏ် လေးလ ချမှတ်လိုက်ပါတယ်။
Paludan သည် ၂၀၂၂ ခုနှစ်တွင် မာလ်မို ၌ ကျမ်းတော်မြတ် ကုရ်အာန် အား မီးရှို့ စော်ကားမှု ဖြစ်ရပ်နှစ်ခုအတွင်း မွတ်စလင်မ် များ၊ အာရပ်များနှင့် အာဖရိကလူမျိုးများအပေါ် ရှုတ်ချသော ကြေညာချက်များ ပြုလုပ်ခြင်းအတွက် အပြစ်ရှိကြောင်း တရားရုံးက တွေ့ရှိခဲ့ပါတယ်။
အစိုးရရှေ့နေများအဆိုအရ Paludan သည် ၂၀၂၂ ခုနှစ် ဧပြီလနှင့် စက်တင်ဘာလတွင် မာလ်မို တွင် စုဝေးမှုနှစ်ခုတွင် မွတ်စလင်မ် များ၊ အာရပ်များနှင့် အာဖရိကလူမျိုးများကို ပစ်မှတ်ထားကာ လူမျိုးရေးခွဲခြား လုပ်ရပ်များ ကို လုပ်ခဲ့သူ ဖြစ်ပါတယ်။
ယင်းနှင့်ပတ်သက်ပြီး အဆိုပါစုဝေးမှုနှစ်ခုတွင် ပါလူဒန်က ကျမ်းမြတ်ကုရ်အာန်ကို ရှုတ်ချကာ မီးရှို့ စော်ကား ခဲ့ကြောင်း သိရပါတယ်။
လူမျိုးရေးမုန်းတီးမှုအပြင် ပါလူဒန်သည် Long Conte အမည်ရှိ အမျိုးသားတစ်ဦးကို စော်ကားမှုတွင် အပြစ်ရှိ ကြောင်း တွေ့ရှိခဲ့ပြီး နစ်နာကြေး ၄၀၀၀၀ ခရိုနာ ပေးဆောင်ရန် တရားရုံး မှ အမိန့်ပေးခဲ့ပါတယ်။
မာလ်မို မြို့ တွင်နေထိုင်သော Conte သည် Paludan အစွန်းရောက်နိုင်ငံရေးသမားက သူ့အား "အာဖရိကသို့ ပြန်သွားရန်" ၃၅ ကြိမ်နှင့် ဆွီဒင်တွင် အာဖရိကသားများမပါဝင်ဟု ပြောဆိုကြောင်း သက်သေခံခဲ့ပါတယ်။
Paludan ၏ရှေ့နေက ၎င်း၏အမှုသည်၏ ပြောကြားချက်သည် အစ္စလာမ်နှင့်ပတ်သက်ပြီး မွတ်စလင်များအပေါ် မဟုတ် ကြောင်း သို့သော် ပါလူဒန်၏ လုပ်ရပ်သည် အစ္စလာမ်ကို ဝေဖန်ခြင်းသာမက နိုင်ငံရေး လှုံ့ဆော်မှု ဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည် ဟု ဆိုပါတယ်။
Paludan ၏တရားစီရင်မှုတွင် ဦးဆောင်သူ Nicholas Souderbury က "အစ္စလမ်ဘာသာကို ဝေဖန်ပြောဆိုမှုများကို ခွင့်ပြုထားသော်လည်း အချေအတင်ဆွေးနွေးသည့်နယ်ပယ်အတွင်းတွင် ရှိနေရမည်" ဟု ကြေငြာချက်တစ်ခုတွင် ပြောကြားခဲ့ပါတယ်။
Paludan ၏ကိစ္စတွင် ထိုသို့သောဆွေးနွေးမှုမျိုးမရှိသော်လည်း ၎င်းသည် မွတ်စလင်မ် များကို စော်ကားခြင်းနှင့် အသရေဖျက်ခြင်းပင်ဖြစ်ပါတယ်။
Paludan သည် ဆွီဒင်နှင့် ဒိန်းမတ် နှစ်နိုင်ငံ သား အဖြစ်ခံယူထားပြီး ဆွီဒင်တွင် ၂၀၂၂ ပါလီမန် ရွေးကောက်ပွဲများမတိုင်မီ ကုရ်အာန်မီးရှို့ စော်ကား သည့် စုဝေးပွဲများကို စီစဉ်ပေးသည့်အတွက် လူသိများသူ ဖြစ်ပါတယ်။
.......................................................
END / 251