လက်ဘနွန်ရှိ အဖိနှိပ်ခံ များနှင့် ရဲရင့်သည့် ပြည်သူများကို ကူညီရန် အိန္ဒိယ ဇေယာရသ် ပြုသူများ သည် ရွှေတစ်ကီလိုကျော် အေမာမ် ရေဇာ (အ.စ) ၏ ရောင်ဇာတော် တွင် လှူဒါန်းခဲ့ပါတယ်။

၉ နိုဝင်ဘာ ၂၀၂၄ - ၀၄:၁၂
   လက်ဘနွန်ရှိ အဖိနှိပ်ခံ များနှင့် ရဲရင့်သည့် ပြည်သူများကို ကူညီရန် အိန္ဒိယ ဇေယာရသ် ပြုသူများ သည် ရွှေတစ်ကီလိုကျော် လှူဒါန်း

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News အစီရင်ခံစာ အရ လက်ဘနွန်ရှိ အဖိနှိပ်ခံများနှင့် ရဲရင့်သည့် ပြည်သူ များကို ကူညီရန်အတွက် "Astan Quds Rizvi " (ခ) " အေမာမ် ရေဇာ (အ,စ) ရောင်ဇာတော်"  ရှိ လူများအတွက် အလှူငွေကောက်ခံရန် လှုပ်ရှားမှု တစ်ခုကို စီစဉ်ခဲ့ပါတယ်။

အိန္ဒိယ ဇေယာရသ် ပြုသူများ သည် အေမာမ် ရေဇာ (အ.စ) ရောင်ဇာတော် တွင် " လက်ဘနွန် အေမာမ် ရအူဖ် ၏ အရိပ်အာဝါသ အောက်တွင် " ဆိုသည့် အထူးအစီအစဉ်တွင် ရွှေတစ်ကီလိုဂရမ်ကျော်ကို လှူဒါန်းခဲ့ကြကြောင်း သိရှိရပါတယ်။

နိုဝင်ဘာ ၇ ရက် ကြာသပတေးနေ့တွင် စတင်ခဲ့သော ဤအထူးရန်ပုံငွေပွဲသည် စနေနေ့ နိုဝင်ဘာ ၉ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်ပါတယ်။

အီရန် နိုင်ငံ မရှ်ဟဒ် မြို့ ရှိ ဟဇရသ် အေမာမ် ရေဇာ (အ.စ) ၏ ရောင်ဇာတော် ရှိ ကွတ်ဒ်စ်စေ ရဇာဝီ ရင်ပြင် အတွင်း၌ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် အားကစားဆိုင်ရာ အကျော်အမော်များ ပါဝင်သည့် အလှူငွေများ ကောက်ခံရန် လှုပ်ရှားမှုကို ညနေ ၃း၀၀ မှ ၁၀း၀၀ နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

.......................................................

END / 251