ယူကေ (ခ) ဗြိတိန် နိုင်ငံ ရှိ "ဟဘီးပိုရ်ရဟ်မာန်" ကျမ်းတော်မြတ် ကုရ်အာန် အာဂုံဆောင် ခြင်း ကေရာအသ် ပြုခြင်း ပြိုင်ပွဲ အနိုင်ရရှိသူများအား ဆုများကို ခွဲဝေပေးမည်ဖြစ်ပါတယ်။

၈ နိုဝင်ဘာ ၂၀၂၄ - ၀၅:၃၀
ဗြိတိန် နိုင်ငံ တွင် ကျမ်းတော်မြတ် ကုရ်အာန် အာဂုံဆောင် ခြင်း ကေရာအသ် ပြုခြင်း ပြိုင်ပွဲ ပြီးဆုံး

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Ekna News  နှင့် အလ်ယောင်မွန်စ်စာဗေအ် သတင်းဌာ န ၏အဆိုအရ ""ဟဘီးပိုရ်ရဟ်မာန်" ကျမ်းတော်မြတ် ကုရ်အာန် အာဂုံဆောင် ခြင်း ကေရာအသ် ပြုခြင်း ပြိုင်ပွဲ အင်္ဂလန်နိုင်ငံ ဘာသလီ တွင် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ အွန်လိုင်း နှင့် ရုပ်ပိုင်းဆိုင်ရာအရ (လူကိုယ်တိုင်တက်‌ရောက်ခြင်းဖြင့်) ကျင်းပခဲ့ပါတယ်။

ဤပြိုင်ပွဲများတွင် အပိုင်းသုံးပိုင်းပါဝင်တယ်။ အာဂုံရွတ်ဆိုခြင်း၊ ကေရာအသ် ပြုခြင်း နှင့် ကေရာအသ် ခုနစ်မျိုး ပြုခြင်း ပါဝင်ပါတယ်။အာဂုံဆောင်ခြင်းအပိုင်းကို တစ်ဂျွဇ် မှ ငါးဂျွဇ် ၊ တစ်ဂျွဇ် မှ ဆယ် ဂျွဇ် ၊ တစ်ဂျွဇ် မှ ဂျွဇ် နှစ်ဆယ် နှင့် ကုရ်အာန် တစ်အုပ်လုံး အာဂုံဆောင်ခြင်း ဆိုပြီး  အဆင့်များ ခွဲခြားထားပါတယ်။

ကုရ်အာန် တစ်အုပ်လုံး အာဂုံဆောင်ခြင်း တွင် ဗြိတိန် နိုင်ငံသား အေလ်ယားစ်မွတ်လာ မှ ပထမ ဆု ရရှိခဲ့ပါတယ်။ ကေရာအသ် ခုနစ်မျိုး ပြုခြင်း တွင် နိုင်ဂျီးရီးယားမှ အသက် ၁၇ နှစ်အရွယ် ဘုခါရီ စနူစီ က ပထမ ၊ အယ်လ် ဂျီးရီးယားမှ အဗ်ဒိုရ်ရဟ်မာန် က ဒုတိယ နှင့် ယူအေအီ မှ အဗ်ဒိုရ်ရရှီးဒ် က တတိယရဆို အသီးသီး ရရှိခဲ့ ပါတယ်။

ကေရာအသ် ပြုခြင်း အပိုင်းတွင် အသက် ၂၃ နှစ်အရွယ် အီဂျစ်လူမျိုး  ကာရီ အဲဟ်မဒ်ဒိုစ်ဆယက်ဒ် အလ်ဂိုင်သွာနီ  က ပထမနေရာကို ရရှိခဲ့ပါတယ်။