အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် သောကြာနေ့ တွင် ပြုလုပ်ရသည့် မိမိ အနှစ်သက်ဆုံး အေဗာဒသ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

၁ နိုဝင်ဘာ ၂၀၂၄ - ၀၉:၄၀
သောကြာနေ့ တွင် ပြုလုပ်ရသည့် အေမာမ် မိုဟမ္မဒ်ဘာကဲရ် (အ.စ) အနှစ်သက်ဆုံး အေဗာဒသ်
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام الباقر علیه السلام:

ما مِن شَى ءٍ يُعبَدُ اللّه ُ بِهِ يَومَ الجُمُعَةِ أحَبَّ إلَىَّ مِنَ الصَّلاةِ عَلى مُحَمَّدٍ و آلِ مُحَمَّدٍ.

 

အေမာမ် မိုဟမ္မဒ် ဘာကဲရ်    (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« ကျွန်ုပ် အတွက် သောကြာနေ့တွင် ဟဇရသ် မိုဟမ္မဒ် (ဆွ) နှင့် ကိုယ်တော်၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ် ဆလ်ဝသ် ပို့သခြင်းထက်ပိုမို နှစ်သက်သည့် အေဗာဒသ်မရှိချေ။ »

ကျမ်းကိုး ။ ။ ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း ၊ အတွဲ ၇၊ စာမျက်နှာ ၃၈၈၀

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် သောကြာနေ့ တွင် ဆလ်ဝသ် ပို့သ ခြင်း၏ အ‌ရေးကြီး ကြောင်း ကို သိနိုင်မည် ဖြစ်ပါတယ်။ သောကြာနေ့တွင် ဆလ်ဝသ် ပို့နိုင် သလောက် ပို့နိုင်အောင် ကြိုးစားရပါမည်။ ဆလ်ဝသ် ကို နေ့စဥ် ပို့နိုင်အောင်လည်း ကြိုးစားရပါမည်။ အကြောင်း မှာ သဖ်စီးရ် မဂျ်မအိုလ်ဗရန်းန် ကျမ်းတွင် ဖွဆ်လ်ဗင်ဟစန် သွဗ်ရစီ မှ အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) ထံမှ ဟဒီးစ်တော် တစ်ပါးကို ဆင့်ပြန်ထားပါတယ်။ ၎င်း ဟဒီးစ်တော် အရ အကယ်၍ အကြင်မည်သူမဆို တမန်တော် မြတ် မိုဟမ္မဒ် (ဆွ) အပေါ် ဆလ်ဝသ် ပို့သမည် ဆိုလျင် ကောင်းကင်တမန်များသည် ၎င်းအပေါ် ၁၀ကြိမ် ဆလ်ဝသ် ပို့သ မည်ဖြစ်ပါတယ်။ ပြီးနောက် ၎င်း၏ ဂိုနဟ်အပြစ် ၁၀ခု အား အလ္လာဟ်ဟိုအရှင် မြတ်မှ ခွင့်လွတ် ပလပ်တော် မူမည်ဖြစ်ပါတယ်။ပြီးနောက် ၎င်း၏ လုပ်ရပ်များတွင် ကောင်းမှု ၁၀ ခုကို ရေးမှတ် စေတော်မူ ပေမည်။ ထိုပြင် အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) မှ သောကြာနေ့ ၏ ဆလ်ဝသ် အား အနှစ်သက်ဆုံးအေဗာဒသ် အဖြစ် မိန့်ကြားထားသည့် အတွက်ကြောင့် သောကြာနေ့ တွင် ဆလ်ဝသ် ပို့သခြင်းသည် ထူးခြားမှု ရှိကို ရှိပေမည်။ ဤအတွက်ကြောင့် သောကြာနေ့ တွင် ဆလ်ဝသ် များများ ပို့သ နိုင်ရန် ကြိုးပမ်းရပါမည်။

****************************************************************

END / 251