အီးက်နာ သတင်းဌာန ၏ အစီရင်ခံစာ အရ ဂါဇာ၏ အဆိုးရွားဆုံးအခြေအနေတွင် လည်း ဂါဇာရှိ အမျိုး သမီးများသည် ကုရ်အာန်ကျမ်းတော် မြတ် အားတွယ်တာမှုကို တန်ဖိုးထားကြပြီး မမေ့ခဲ့ကြကြောင်း သိရှိ ရပါ တယ်။

၃၀ အောက်တိုဘာ ၂၀၂၄ - ၁၉:၀၆
ဂါဇာကမ်းမြှောင်၏ အမျိုးသမီးများ  သည် အဆိုးရွားဆုံးအခြေအနေတွင် လည်း ကျမ်းတော်မြတ်ကုရ်အာန် အား မမေ့

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီးက်နာ သတင်းဌာန ၏ အဆိုအရ ဟားမတ်စ်နိုင်ငံရေးရုံးအဖွဲ့ဝင်တစ်ဦးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး၏အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် အေဇ်က်သိုလ်ရရှီးဒ် မှ ဆိုရှယ်မီဒီယာပလပ်ဖောင်း တွင် ဓာတ်ပုံတစ်ပုံကို မျှဝေခဲ့ပါတယ်။

ယင်းဓာတ်ပုံ တွင် ပါလက်စတိုင်း ဒုက္ခသည် စခန်းများတွင် ဇီယွန်ဝါဒီများ၏ ရက်စက် ကြမ်းကြုတ် သောတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း ကုရ်အာန်အာဂုံဆောင်များ၏ ထိုင် ဝိုင်းကို ပြသထား ပါတယ်။ ဂါဇာ၏ အဆိုးရွားဆုံးအခြေအနေတွင် လည်း ဂါဇာရှိ အမျိုးသမီးများသည်  ကုရ်အာန်ကျမ်းတော် မြတ် အားတွယ်တာမှုကို တန်ဖိုးထားကြပြီး မမေ့ခဲ့ကြကြောင်း သက်သေ ထူနေသည် ဖြစ်ပါတယ်။

အေဇ်က်သိုလ်ရရှီးဒ် မှ ဆက်လက်ပြီး ရေးသားထားသည်မှာ ခတ္တိယ အား ရှိသမျှ မိမိ ၏ နာမ် ပိုင်းဆိုင်အားလုံး နှင့် အတူ  ဂါဇာရှိအမျိုးသမီးများ ၏ ကိုယ်ကျင့် တရားတွင် တွေ့မြင်ရပြီး ၎င်းတို့ထက် ပို၍ တွေ့မြင်ရမည် မဟုတ် ကြောင်း  ဂါဇာရှိအမျိုးသမီးများသည်   အေဗါဒသ် ပြုလုပ်သူများ မိုအ်မေနဟ်များ နှင့် သည်းခံသူများ ဖြစ်ကြကြောင်း  အလ္လာဟ် ဟို အရှင်မြတ် ၏ ကျမ်းတော် ကုရ်အာန် အား အာရုံဆောင်ထားသူများ ဖြစ်ကြောင်း မိုဂျဟစ်ဒ်ဒီးန်   နှင့် ရှဟီးဒ် များ ၏ အမေများ၊ အစ်မ နှမ များ ၊ ဇနီးများ ဖြစ်ကြကြောင်း ဖြစ်ပါတယ်။

ပါလက်စတိုင်း ပြည်သူ့များ ၏ ဂုဏ်သိက္ခာကို တိုက်ခိုက်ခဲ့တဲ့ ဇီယွန်ဝါဒီတွေထက် ပိုပြီး အရှက်ကင်းမဲ့ပြီး မရိုးသားတဲ့  မကောင်းသည့် နမူနာ မရှိကြောင်း ကျမ်းတော်မြတ် ကုရ်အာန် စူရဟ် ဟဂျ် ၏ အာယသ် တော် အမှတ် ၃၈ « إِنَّ اللَّهَ يُدَافِعُ عَنِ الَّذِينَ آمَنُوا  » အဓိပ္ပာယ် ဧကန်မုချ အလ္လာဟ် အရှင်မြတ်သည် အီမာန် သက်ဝင် ယုံကြည်သူများ ကို ကာကွယ်ပေးတော်မူသည် ဖြစ်ကြောင်း ထို့ပြင် “မြေမှုန့်သည် ကောင်းကင်ကို မထိခိုက် စေနိုင်ကြောင်း ရန်သူသည် မကြာမီ အလ္လာဟ် အရှင်မြတ်ထံတော်၌  အ‌ရေးယူခြင်း ကို ခံရလိမ့်မည်” ဖြစ်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။

.........................................................................

END / 251