အကယ်၍ ဇီယွန်ဝါဒီအစိုးရသည် အီရန်ကို တိုက်ခိုက်ရန် မှားယွင်းပါက မယုံနိုင်လောက်စရာ တုံ့ပြန်မှုကို အီရန် မှ ပေးလိမ့်မည် ဖြစ်ကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း မှ ပြောကြားခဲ့ပါတယ်။

၂၃ အောက်တိုဘာ ၂၀၂၄ - ၁၅:၂၇
ဇီယွန်ဝါဒီ အနေဖြင့် မိမိတို့အား တိုက်ခိုက်လာပါက မိမိတို့၏ တုံ့ပြန်မှုသည် မယုံနိုင်စရာ ဖြစ်မည် ဖြစ်ကြောင်း  အီရန် သမ္မတ ပြောကြား

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ   ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ရုရှားနိုင်ငံသို့ အစည်းအဝေး တက်ရန် ခရီးစဉ် တွင် အီသီယိုးပီးယား ၀န်ကြီးချုပ် အာဘီ အဲဟ်မဒ် နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေး အပါအဝင် နိုင်ငံတကာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ဒီအခါသမယမှာ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း မှ ကျွန်ုပ် တို့အစိုးရ စတင်တဲ့ အခါမှာ ဇီယွန်အစိုးရဟာ ကျွန်ုပ်တို့၏ တရားဝင် ဧည့်သည် ကို တိုက်ခိုက်ခြင်းဖြင့် ကျွန်ုပ် တို့၏ ပန်းတိုင်ကို တားဆီးဖို့ စတင်ခဲ့တယ် လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးမျှော်လင့်ချက်ဖြင့် ဇီယွန်အစိုးရ၏ လုပ်ရပ် အပေါ် အီရန်က စိတ်ရှည်သည်းခံခဲ့သော်လည်း ဂါဇာတွင် ရန်စမှုများ ဆက်လက်ဖြစ်ပွားနေပြီး လက်ဘနွန် တွင် စစ်ပွဲများ တိုးလာခြင်းကြောင့် အီရန်အား တန်ပြန်အရေးယူရန် ဖိအားပေးခံနေရသည်ဟု ပြောကြားခဲ့ပါတယ်။

ဇီယွန်အစိုးရသည် အီရန်ကို တိုက်ခိုက်ရန် မှားယွင်းပါက အီရန်၏ တုံ့ပြန်မှုသည် မယုံနိုင်စရာဖြစ်လိမ့်မည်ဟု အီရန် သမ္မတ မှ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဒေသတွင်း စစ်ပွဲနဲ့ တင်းမာမှု နယ်ပယ်ကို တိုးမြှင့်ဖို့ ဆန္ဒမရှိသလို ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေး ထူထောင်ရေး ကြိုးပမ်းမှုတွေကို ကြိုဆိုကြောင်း အခြားနိုင်ငံများ အထူးသဖြင့် ဥရောပနိုင်ငံများ သည် ဇီယွန်ဝါဒီအစိုးရ၏ ရာဇ၀တ်မှုများကို ထိန်းချုပ်သင့် ကြောင်း ကိုလည်း ဆက်၍ ပြောကြားခဲ့ပါတယ်။

ဒီအခါမှာ အီသီယိုးပီးယား ဝန်ကြီးချုပ်က အီသီယိုးပီးယားပြည်သူတွေဟာ အီရန်ကို အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံကို ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံအဖြစ် မြင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အီရန်သည် ကမ္ဘာ့အဆင့်နှင့် ဒေသဆိုင်ရာအဆင့်တွင် သြဇာကြီးမားသောနိုင်ငံဖြစ်ပြီး BRICS ကဲ့သို့သော နိုင်ငံတကာဖိုရမ်များတွင် ထိရောက်သောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း မိမိတို့ နိုင်ငံ  နှင့် အီရန် ကြား လူထုဆက်ဆံရေးရှိ ကြောင်း အီသီယိုးပီးယားသည် အရှေ့အလယ်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသော တင်းမာမှုများနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း အီသီယိုးပီးယား ဝန်ကြီးချုပ် အာဘီ အဲဟ်မဒ် မှ ပြောကြား ခဲ့ပါတယ်။

.......................................................

END / 251