ပါကစ္စတန်နိုင်ငံ ပါရာချနာတွင် ရှီအဟ်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရ မှုအား မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) မှ ရှုတ်ချခဲ့ပါတယ်။

၃၀ ဇူလိုင် ၂၀၂၄ - ၁၉:၃၆
ပါကစ္စတန်နိုင်ငံ ပါရာဂျနာ တွင် ရှီအဟ်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပြီးနောက် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) မှ ကြေညာချက် ထုတ်ပြန်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပါကစ္စတန်နိုင်ငံ ပါရာချနာတွင် ရှီအဟ်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရ မှုအား မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) မှ ရှုတ်ချခဲ့ပါတယ်။

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ကြေငြာချက်၏ စာသားမှာ အောက်ပါအတိုင်း ဖြစ်သည်။

 

بسم اللَّهِ الرَّحْمنِ الرَّحِيمِ

انا لله و انا الیه راجعون

«وَمَن یَقْتُلْ مُؤْمِنًا مُّتَعَمِّدًا فَجَزَآؤُهُ جَهَنَّمُ خَالِدًا فِیهَا وَغَضِبَ اللّهُ عَلَیْهِ وَلَعَنَهُ وَأَعَدَّ لَهُ عَذَابًا عَظِیمًا»( နေစာ / ၉၃)

 

တစ်ဖန် ပါကစ္စတန်နိုင်ငံ ကရမ်အေဂျင်စီ ( ပါရာဂျနာ ) ဒေသရှိ ရှီအဟ်များ မဇလ်လူးမ်အဖြစ် ရှဟာဒသ် အပေါ်  ကမ္ဘာပေါ်ရှိ ရှီအဟ်များ နှင့် ပါကစ္စတန်ရှိ မွတ်စလင်မ် များအားလုံး၏ နှလုံးသားကို ဝမ်းနည်းစေခဲ့ပါသည်။ ဤလုပ်ရပ်အား သက်ဖီးရီ အဖွဲ့များ မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ထိုအတွက်ကြောင့်  ရှီအဟ် မွတ်စလင်မ် ၃၅ ဦးထက် မနည်း ရှဟီးဒ်  ဖြစ်ခဲ့ပြီး ၁၆၀ ခန့် ဒဏ်ရာရခဲ့ကြပါတယ်။ တဖန် ဆက်ပြီး ရှီအဟ်များ၊  ဤဒေသရှိ ပြည်သူ လူထု အပေါ်  နှိပ်စက်ညှဉ်းပန်းရက်စက်မှု ခံနေရကြောင်း ပေါ်လွှင်ခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက လည်း များသထက်များများ သက်ဖီးရီ အဖွဲ့ကို သိအောင် ပြုရမည် ဖြစ်ပြီး ၎င်းတို့အားတော်လှန် ရန် ခြေလှမ်းရမည် ဖြစ်ပါသည်။

ပါရာချနာဒေသရှိ လူများအကြား နိုင်ငံ‌ေရး နှင့် လူမျိုးရေး ပဋိပက္ခများကို ဟန့်တားရန် ကြိုးပမ်းခြင်း ၊ အစ္စလမ်ဘာသာဝင်များ စည်းလုံးညီညွတ်ရေးအတွက် ကြိုးစားခြင်းသည်  ပါကစ္စတန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပိုမိုအာရုံစိုက်သင့်သည့် ကိစ္စရပ်အချို့ဖြစ်ပါ သည်။

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ)  အနေဖြင့် အဆိုပါ သက်ဖီးရီ လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချပြီး ရှဟီးဒ် များ ၏ ကျန်ရစ်သူများနှင့် အတူကိုယ်ချင်းစာ ပြီး ပါကစ္စတန် နိုင်ငံ ၏ မွတ်စလင်မ်များ နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) နောက်လိုက်များ (ရှီအဟ်မွတ်စလင်မ်များ) အား ဝမ်းနည်းကြေကွဲရကြောင်း ပြောကြားအပ်ပါသည်။ ပြီးနောက် အလ္လာဟ်ဟို အရှင်မြတ်ထံ  ဤ တိုက်ခိုက်မှုကြောင့်  ရှဟီးဒ် ဖြစ်သွားသူများ အတွက် ရဟ်မသ်တော်များ ကျရောက်ပေးသနားတော်မှု မဂ်ဖေရသ် ပြုပေးရန် ဒိုအာ ပြုလိုက်ပါသည်။

သက်ဖီးရီ  နှင့် အကြမ်းဖက်လှုပ်ရှားမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကြိုးပမ်းအားထုတ်မှုအတွက် ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံအစိုးရအား ကျေးဇူးတင်ရှိသော်လည်း ကျူးလွန်သူများအား ကိုင်တွယ်ဖြေရှင်းရန်နှင့် ဤဒေသရှိ ရှီအဟ်များ ၏ အသက်နှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန် ကိစ္စ အား အလေးအနက်ထား ကြိုးပမ်းပေးရန် မေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ)  

ဟီဂျရီ သက္ကရာဇ် ၁၄၄၆ခုနှစ်  ၊ မုဟော်ရမ် လ ၂၄ ရက် နေ့

.......................................................

END / 251