နိုင်ငံ၏ ထုံးတမ်းစဉ်လာကဗျာများ၏ ထင်ရှားသော ကဗျာဆရာ မှ အဲဟ်လေ့ဘိုက်(သ) (အ.စ) ကဗျာ နယ်ပယ်တွင် ကဗျာရေးခြင်းသည် ကဗျာဆရာများ တည်ရှိမှု တွင် အလင်းရောင်ကို ဖန်တီးပေးသည်ဟု ပြောကြားခဲ့ပါတယ်။

၂၈ ဇူလိုင် ၂၀၂၄ - ၁၃:၁၀
အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ဒုတိယအကြိမ် နိုင်ငံတကာ ကဗျာစုဝေးပွဲကို အဗ်နာ  သတင်းဌာန တွင် ကျင်းပ / အဲဟ်လေ့ ဘိုက်(သ) (အ.စ) ၏ ကဗျာနယ်ပယ်တွင်ကဗျာရွတ်ဆိုခြင်း ၏အံ့ ဖွယ် အမှု

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ကဗျာစုဝေးပွဲကို အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ အစည်းအဝေးခန်းမ တွင် အရ်ဗအီးန် ဆိုသည့် ခေါင်းစဥ် ဖြင့်  ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ စနေနေ့ ညနေတွင် ကျင်းပခဲ့ပါတယ်။ ဆရာ အဲဟ်မဒ် ဟိုစိုင်းန်ပူးရ် အလဝီ နှင့် အိန္ဒိယ ၊ ပါကစ္စတန် နိုင်ငံ မှ ကဗျာဆရာများ အဖွဲ့သည် ဤ နိုင်ငံတကာ စည်းဝေးပွဲသို့ တက်ရောက်ခဲ့ကြပါတယ်။

ဆယက်ဒ် အဲဟ်မဒ်  ဟိုစိုင်းန်နီ ( ရှဟ်ရ် ယာရ် ) သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ဒုတိယအကြိမ် နိုင်ငံတကာ ကဗျာစုဝေးပွဲ အတွင်းရေးမှုးဖြစ်ပြီး ကဗျာဆရာများ ဖြစ်ကြသည့် ဆယက်ဒ် ဟစန်နိုင်း မိုဟ်စင် ၊ ဆယက်ဒ် အစဒ် ကာဇင်းမ်မီ ၊ ဆွာအေဗ် ဂျအ်ဖရီ ၊ အဘာစ် စာကစ်ဗ် ၊ ဆယက်ဒ်  နဒီးမ် နကဝီ ၊ အီဗရာဟီးမ် နူးရ်ရီ ၊ ဆယက်ဒ် ရှဖီးအ် ဟိုင်ဒဲရ်ရဇဝီ ၊ ဇိုင်နဗ် အက္စ်ကရီ အေလ်ဟာမ် စာဒါသ် ဟိုစိုင်းန်နီ ၊ မွမ်သာဇ် အာသွစ်ဖ် ၊ ကာဂျု အဇ်ဟရ်  ၊ အေနာယသ် ရှရီဖီ ၊ ဇီးရှာန်း ဟိုင်ဒဲရ် ဂျဝါဒီ ၊ မိုဟ်စင် ရေဇာ အဟီးရ် ၊ အလီရေဇာ ၊ အင်န်မ်သေယာဇ်  ဟိုစိုင်းန် ဘီသာကီ နှင့် အဲဟ်မဒ် ရှဟ်ရ်ယာရ်   တို့ မှ အသီးသီး အူရ်ဒူ။ အင်္ဂလိပ် ၊ပါရှန်း (ဖါရစီ ) ဘာသာများ ဖြင့် ကဗျာ များ ဆိုခဲ့ကြပါတယ်။

အဲဟ်လေ့ ဘိုက်(သ) (အ.စ) ၏ ကဗျာနယ်ပယ်တွင်ကဗျာရွတ်ဆိုခြင်း ၏အံ့ ဖွယ် အမှု

နိုင်ငံ၏ အထင်ကရ ဘာသာရေး ကဗျာဆရာ ၊ ဆရာ အဲဟ်မဒ် ဟိုစိုင်းန်ပူးရ် အလဝီ မှ ပါကစ္စတန်နှင့် အိန္ဒိယ ကဗျာဆရာများအား အူရ်ဒူ စကားပြောသူများ၏ စိတ်အားထက်သန်မှုကို ရည်ညွှန်းကာ ဤစုဝေးပွဲတွင် ပြောကြားခဲ့သည်မှာ - လူကြီးမင်း တို့ ၏ တိုင်းပြည်က လူများ တွေဟာ ကဗျာနဲ့ ရှင်သန်နေကြတယ်။ ကဗျာများ ကို ကြားနာခြင်းအတွက် ပါကစ္စတန် နှင့် အိန္ဒိယပြည်သူများ၏ တုံ့ပြန်မှုက လည်း ကဗျာဆန် ကြောင်း ဖြစ်ပါ တယ်။ လူကြီးမင်းတို့ ထံ ဘာသာစကား နှစ်မျိုး ရှိကြောင်း တစ်မျိုးမှာ နှုတ် နှင့်ပြောသည့် ဘာသာ စကားဖြစ်ပြီး ကျန်တစ်မျိုး ကိုယ်ခန္ဓာ အစိတ်အပိုင်း ၏ဘာသာစကား ဖြစ်ကြောင်း လူကြီးမင်း တို့၏ ကိုယ်ခန္ဓာ ဘာသာစကားသည် ပြည့်စုံ ဖွံ့ဖြိုး နေပြီး စကားပြောပြီး ကျွန်ုပ်တို့တွင်  ထိုဘာသာ စကား မရှိကြောင်း ပြောကြား ခဲ့ ပါတယ်။

ကဗျာဆရာတစ်ဦးသည် ၎င်း၏ကဗျာများကို အလွတ်ကျက်သင့်ပြီး ကဗျာဖတ်ရန် စာရွက် သို့မဟုတ် ဆဲလ်ဖုန်းကို အားမကိုးသင့်ကြောင်း ကဗျာက လူ့မှတ်ဉာဏ်ထဲ ဝင်လာရင် လူ့ဦးနှောက်နဲ့ နှလုံးသားထဲကို ရောက်သွားလိမ့်မည် ဖြစ်ကြောင်း ကို ဆက်လက်ပြောကြားခဲ့ပါတယ်။ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကဗျာနယ်ပယ်တွင် ကဗျာရေးခြင်း သည် ကဗျာဆရာများ၏ တည်ရှိမှုတွင် အလင်းရောင်ကို ဖန်တီးပေးပါတယ်။

နိုင်ငံ၏ထင်ရှားသောဘာသာရေးကဗျာဆရာက ဆက်ပြောသည် မှာ အသက် ၅၀  နှစ်တွင် ကျွန်ုပ်သည် ညတိုင်း ခက်ခက်ခဲခဲ ကဗျာအပုဒ်ရေ ၁၀၀  ကို အလွတ်ကျက်နိုင်ပြီး အသက်ကြီးလာသည်နှင့်အမျှ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဆိုင်ရာ  ကဗျာ ၏ အံ့ဖွယ်ကောင်းမှုဖြစ်ပြီး  ကျွန်ုပ်၏မှတ်ဉာဏ်သည် ပိုမိုအားကောင်းလေ ကဗျာကို အမှတ်ရစေရ ဖြစ်ပါကြောင်း ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ပထမဆုံးသော နိုင်ငံတကာ ကဗျာစုဝေးပွဲကို ခရစ် ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ ရက် ဗုဒ္ဓဟူးနေ့တွင် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ)  ၏  အဗ်နာ အပြည်ပြည်ဆိုင်ရာ သတင်းဌာန မှ ကျင်းပခဲ့ပါတယ် ။ အီးဒ်ဒေ ဂဒီးရ်  ၏ ခေါင်းစဥ် ဖြင့် ဤသတင်းအေဂျင်စီ၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး လူမျိုးပေါင်း ၅ မျိုး  မှ ဘာသာရေးကဗျာဆရာများ တက်ရောက်ခဲ့ကြပါတယ်။

အဗ်နာ သတင်းဌာန တွင် ကျင်းပ သည့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ဒုတိယအကြိမ် နိုင်ငံတကာ ကဗျာစုဝေးပွဲ၏ ဓာတ်ပုံများ အစီရင်ခံစာကို ဤနေရာ တွင် ကြည့်နိုင်ပါတယ်။

.......................................................

END / 251