ဂီးလာန် ပြည်နယ် ဘာသာရေးဆိုင်ရာ ၏ ညွှန်ကြားရေးမှူးချုပ်သည် ပြည်နယ်အတွင်းရှိ ကျမ်းတော်မြတ် ကုရ်အာန်ဆိုင်ရာ ပြိုင်ပွဲများ၏ မြို့တော်အဆင့်တွင် ယှဥ်ပြိုင်သူ ၁၅၈၉ ဦးဖြင့် ပြိုင်ပွဲစတင်ကြောင်း ကြေညာခဲ့ပါတယ်။

၃၀ ဇွန် ၂၀၂၄ - ၁၄:၁၄
ကျမ်းတော်မြတ်ကုရ်အာန် ဆိုင်ရာ ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် ၁၅၈၉ ဖြင့်  ဂီးလာန် တွင်စတင်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂီးလာန် ပြည်နယ် ဘာသာရေးဆိုင်ရာ ၏ ညွှန်ကြားရေးမှူးချုပ် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် အစ္စ်မာအီလီ သဒီနီ မှ ယနေ့ တနင်္ဂနွေနေ့ ဇွန်လ ၃၀ ရက်နေ့ ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ် ၏ အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်မှာ - ကျမ်းတော်မြတ် ကုရ်အာန် ဆိုင်ရာ ပြိုင်ပွဲများ ၏ မြို့ပြအဆင့်ကို ဂီးလာန်  တွင် စတင်ခဲ့ပြီး ဇူလိုင်လ လေးရက်နေ့အထိ ဆက်လက်ကျင်း ပမည်ဖြစ် ကြောင်း ဖြစ်ပါတယ်။

ဂီးလာန် ပြည်နယ် ဘာသာရေးဆိုင်ရာ ၏ ညွှန်ကြားရေးမှူးချုပ် မှ ဂီးလာန်  ၏ ခရိုင်သုံးခုတွင် ကျမ်းမြတ် ကုရ်အာန်ပြိုင်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် အစ္စ်မာအီလီ သဒီနီ မှ ကျမ်းတော်မြတ်ကုရ်အာန်၏ ၄၇ ကြိမ်မြောက် ပြိုင်ပွဲအတွက် ကျမ်းတော်မြတ်ကုရ်အာန် ဆိုင်ရာ ပညာရပ်အသီးသီး အတွက် စီစဥ် ထားကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှဆက်လက်ပြီး ကျမ်းတော်မြတ် ကုရ်အာန် ဆိုင်ရာ ပြိုင်ပွဲ ဝင် အသက် ၁၂ နှစ်မှ ၁၈ နှစ် သည် ကေရာအသ် သဲဟ်ကီးက် နှင့် ကျမ်းမြတ် ကုရ်အာန် တစ်အုပ်လူံး အာဂုံဆောင် ကဏ္ဍ တွင် မြို့နယ် ၊ ပြည်နယ် နှင့် နိုင်ငံ အဆင့် အထိ  ယှဥ်ပြိုင်သွားမည် ဖြစ်ကြောင်း အသက် ၁၈ နှစ်နှင့်အထက် တစ်ဦးချင်း အသံထွက်ကဏ္ဍ၏ ဘာသာရပ် အားလုံးတွင် ကျမ်းတော်မြတ် ကုရ်အာန် ၏ အစောင် ၃၀လုံး  ၊ အစောင် ၂၀အထိ ၊ ၁၀ စောင်အထိ  ၅စောင် အထိ အာဂုံဆောင်ခြင်း ၊ ကေရအသ် ပြုခြင်း ၊သရ်သီးလ် ကေရာအသ် နှင့် အဇါန် နှင့် အဖွဲ့လိုက်  ဒိုအာ ပြုခြင်းတို့ကို ထည့်သွင်းထားကြောင်း ပြောကြားခဲ့ပါတယ်။

ထိုပြင် စူရဟ် လွတ်က်မာန်  ၊ စူရဟ်ဟိုဂျရာသ် ၊ စူရဟ် ဟရှ်ရ် ဘာသာပြန် ပြိုင်ပွဲသည် မြို့နယ် အဆင့် အဖြစ် ပြီး မအာရေဖ် ဖေကုရ်အာန်၊ မအာရေဖ်ဖေ  နဲဟ်ဂျိုလ်ဗလာဂဟ်၊ မအာရေဖ် ဖေ ဆဟီးဖဟ် စဂျာဒီယဟ် ကဏ္ဍများလည်း ပါဝင်ကြောင်းသိရပါတယ်။

ကျမ်းတော်မြတ်ကုရ်အာန် ပြိုင်ပွဲ ၏  မြို့တော်အဆင့်တွင် အနိုင်ရသူများသည် ပြည်နယ်အဆင့်တွင် ယှဉ်ပြိုင်ရ မည် ဖြစ်ကြောင်း ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် အစ္စ်မာအီလီ သဒီနီ မှ ပြောကြားခဲ့ပါတယ်။

.......................................................

END / 251