(၁၇) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ ရှိက်ခ် ရာရှစ်ဒ် အာလေ့ မက်သူးမ် ကုရ်အာန် ပြိုင်ပွဲ အား ဒူဘိုင်း တွင် စတင် ကျင်းပ နေပြီး ဖြစ်ပါတယ်။

၂၉ မေ ၂၀၂၄ - ၁၂:၃၁
 အပြည်ပြည် ဆိုင်ရာ  ရှိက်ခ် ရာရှစ်ဒ် အာလေ့ မက်သူးမ် ကုရ်အာန် ပြိုင်ပွဲ စတင်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီးက်နာ နှင့် အလ်ခလီးဂျ် သတင်းဌာန များ ၏ သတင်း အထောက်အထားများ အရ ဒူဘိုင်း ရှိ မန်မ်ဇာရ် ဒေသတွင် (၁၇) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ  ရှိက်ခ် ရာရှစ်ဒ် အာလေ့ မက်သူးမ် ကုရ်အာန် ပြိုင်ပွဲ ၏  ဒုတိယ နေ့ တွင်  လူငယ် ၁ ဦး မှ ပါဝင်ခဲ့ပါတယ်။

ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များ၊ အကဲဖြတ်ဒိုင်များနှင့် ပြိုင်ပွဲဝင်မိသားစုများ ဧည့်သည်တော် ကြီးများ တက်ရောက်နေရာ ယူခဲ့ကြပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံမှ အာရီးန် အလီ သာဂျ်ဂျွဒ်ီဒးန် နှင့် ဘင်္ဂလားဒေ့ရှ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အိန္ဒိယ၊ မော်ရိုကို၊ အီသီယိုးပီးယား နှင့် ဂီနီနိုင်ငံ တို့မှ ပြိုင်ပွဲ ဝင်များသည် အကဲဖြတ်ဒိုင်များ ရှေ့တွင်သေလာဝသ် ပြုခဲ့ကြပါတယ်။

အကဲဖြတ်ဒိုင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အဗ်ဒွလ်အဇီးဇ် အလ်ဟစန်နီ မှ  ပြိုင်ပွဲဝင်များ၏ အဆင့်အတန်းမြင့်မားမှု၊ လှပသောအသံနှင့် ပြိုင်ပွဲဝင်များ၏ အရည်အချင်းကို ကျေနပ်အားရကြောင်း ပြောကြားခဲ့ပါတယ်။

အဗ်ဒွလ်အဇီးဇ် အလ်ဟစန်နီ မှ   ဆက်လက်ပြီး သူရှင်းပြ ပြောဆိုသည် မှာ ကျနော် အနေဖြင့် ရှိက်ခ်ခဟ် ဖွာတွေမဟ် နှင့် ရှိက်ခ် ရာရှစ်ဒ် အာလေ့ မက်သူးမ်  တို့၏ ပြိုင်ပွဲများ နှင့် အခြား ပြိုင်ပွဲအမျိုးမျိုးတွင် အကဲဖြတ်ဒိုင်အဖြစ် ဆယ်ကြိမ်ထက်မနည်းလုပ်ဖူးသော်လည်း ဤပြိုင်ပွဲများသည် ရွတ်ဆိုခြင်း၊ အသံထွက်ခြင်း နှင့် သဂျဝီးဒ် ၊ အက္ခရာ ဆိုင်ရာ အသံ ထုတ်နည်း ဥပဒေများ သည်  ကျွမ်းကျင်မှုနယ်ပယ်တွင် အလွန် ထူးချွန် ကြောင်း တွေ့ရပါတယ်။

အဗ်ဒွလ်အဇီးဇ် အလ်ဟစန်နီ ၏ အဆိုအရ ဤ ပြိုင်ပွဲ များ တွင် အနိုင် ရပြီးနောက် မိုအ်ဇင်န် နေရာ ၊ ကာရီ နေရာ နှင့်  နမာဇ် ရှေ့ဆောင် (အေမာမ်) နေရာ စသည် နေရာများ တွင် တာဝန် ထမ်းဆောင် ကြမည်ဖြစ်ကြောင်း သိရှိရပါ တယ်။

.......................................................

END / 251